Decoplug

ရေစိုခံ ရေတားဆေးမှုန့်သည် ရေယိုစိမ့်မှုနှင့် မျက်နှာပြင်များ အစိုပြန်ခြင်းကို ကာကွယ်တားဆီးနိုင်သော ရေလုံသုတ်ဆေးအမှုန့်ဖြစ်ပါသည်။

အသုံးပြုနိုင်သောနေရာများ

  • ရေချိုးခန်းအိမ်သာများနှင့် ရေကန်အတွင်းမျက်နှာပြင်များ
  • အတွင်းနံရံမျက်နှာပြင်များများမှိုတတ်ခြင်း၊ ဆားပွင့်ခြင်းစသောနေရာများ၊
  • ကွန်ကရစ်အမိုး၊ အုတ်ကျွတ်ပြားများ
  • ရေကန်မျက်နှာပြင်များ၊ အက်ကွဲကြောင်းနေရာများ
  • မဆာလာဖော်စပ်ရာတွင် Decoplugကိုဘိလပ်မြေနှင့်ရော၍သုံးနိုင်ခြင်း၊

ဆေးသုံးနည်း

  • ဆေးသုတ်လိမ်းမည့် မျက်နှာပြင်သည် ဖုန်၊အမှိုက် နှင့်ရေညှိကင်းစင်ပြီးကြမ်းချောမျက်နှာပြင်ဖြစ်ရမည်။
  • Decoplug အမှုန့် 1Kg ကိုရေ 1Litနှင့်ရောစပ်၍(၁၅)မိနစ်ခန့်ပျစ်ပျစ်မွှေပြီးသုတ်ပါ။
  • (၆) နာရီမှ(၈)နာရီထိအခြောက်ခံပါ။
  • စံချိန်စံနှုန်းသတ်မှတ်ချက်မှာ (၁၀၀) စတုရန်းပေအတွက် ပထမတစ်ထပ်လျှင် 1Kg ဒုတိယအထပ်1.5Kgသုံးရမည်။
  • ဘိလပ်မြေ ၁အိတ်လျှင် Decoplug 3Kg ရော၍ရေလုံလွှာအဖြစ် အသုံးပြုနိုင်ပါသည်။

အသုံးပြုခြင်းဖြင့်ရရှိနိုင်သောအကျိုးကျေးဇူးများ

  • ဆားပွင့်များနှင့် မှိုတတ်ခြင်းမှကာကွယ်နိုင်ခြင်း
  • အင်းဆက်(စ်)ပိုးမွှားများကိုသေစေနိုင်ပြီးပိုးမွှားများကင်းစေခြင်း
  • အနံ့အသက်ကင်းပြီးအဆိပ်အတောက်မဖြစ်ခြင်း
  • Decoplug ကိုအသုံးပြုခြင်းဖြင့် အိမ်ဧ။် ရေယိုစိမ့်မှုကို ကာကွယ်နိုင်ပြီးနံရံများအစိုပြန်ခြင်းကြောင့်ဖြစ်ပေါ်လာသောပျက်စီးမှုများကို ကာကွယ်နိုင်ခြင်း

မှတ်ချက်

ဖျော်စပ်ရာတွင်သုံးစွဲမည့်ရေထဲသို့ Decoplug အမှုန့် ကိုဖြေးညှင်းစွာထည့်၍ မွှေပေးပါ၊ အုတ်ကန်ထောင့်များကို ခပ်ပျစ်ပျစ် သုတ်လိမ်းပေးပါ။ အသုံးပြုရမည့်အတိုင်းအတာကို တွက်ချက်၍ လိုအပ်သည့် ဆေးပမာဏကိုသာ ဖျော်စပ်ရပါမည်။