P. V.C Strip (Construction Joint)

P.V.C Strip သည် အင်္ဂတေအမိုးများ၏ Topping လောင်းခြင်းနှင့် ကြွေပြားများကပ်ရာတွင် Construction Joint and Expansion Joint အဖြစ်သုံးရသောပစ္စည်းဖြစ်ပါသည်။ ဧရိယာကျယ်ပြန့်သောမျက်နှာပြင်တွင် P.V.C Strip ကိုထည့်သုံးခြင်းဖြင့် တုန်ခါမှု (Vibration) ကြောင့် အက်ကွဲကြောင်းများဖြစ်ပေါ်ခြင်းကိုလျော့နည်းစေပြီး၊ ကွန်ကရစ် (Concrete Slab) အားပိုမိုကြံ့ခိုင်စေပါသည်။ ကြွေပြားများကပ်ရာတွင်ညီညာလှပသောအကွက်ကလေးများရရှိပြီးကြွေပြားများခုံးခြင်း၊ ကြွတက်ခြင်းဒဏ်မှကာကွယ် ပေးပါသည်။ စကာင်္ပူနိုင်ငံ၏အဆင့်မြင့် နည်းပညာဖြင့် ဖိုက်ဘာ ကာဘာနှစ်ခုအကြားစီးလန့်ခေါ် ပျော့ပျောင်းသောရာဘာကို ကြားခံ၍ထုတ်လုပ်ထားပါသည်။ အရည်အသွေးကောင်းမွန်ခြင်း၊ ဈေးနှုန်းသက်သာခြင်း၊ အချိန်ကုန်သက်သာခြင်းကြောင့် လူကြီးမင်းတို့၏ အဆောက်အဦးအားရေရှည်ကြံ့ခိုင်မှုအတွက် အသုံးပြုသင့်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ P.V.C Strip မှာ CJ 50mm x 3m နှင့် CJ 30mm x 3m နှစ်မျိုးရှိပြီး မိမိတို့ကြိုက်နှစ်သက်ရာကိုအသုံးပြုနိုင်ပါသည်။ P.V.C Strip ကိုဝယ်ယူလိုပါက ရွှေဘုန်းရှိန်ကုမ္ပဏီလီမိတက်တွင် လက်လီလက်ကားဝယ်ယူရရှိနိုင်ပါသည်။